ကောရိန္သု/အသင်းတော်/နှင့် ပေါလု/၏ ဆက်ဆံရေး
4
ထို့ကြောင့် သင်တို့/သည် ကျွန်ုပ်/နှင့် အာပေါလု/ကို ခရစ်တော်/၏ အစေခံများ/အဖြစ်/လည်းကောင်း၊ ဘုရားသခင်/၏ လျှို့ဝှက်/နက်နဲသော/အရာများ/ကို စီမံခန့်ခွဲသူများ/အဖြစ်/လည်းကောင်း မှတ်ယူကြလော့။ 2 စီမံခန့်ခွဲသူ/အဖြစ် တာဝန်/ပေးခံရသောသူ/သည် သစ္စာ/ရှိရမည်/ဖြစ်၏။ 3 သင်တို့၊ သို့မဟုတ် အခြား/သူတို့/၏ စစ်ဆေးခြင်း/ကို ခံရ/သော်လည်း ကျွန်ုပ်/မမှုပေ။ အမှန်/တွင်/မူ ကျွန်ုပ်/သည် ကိုယ့်ကိုယ်ကိုယ်/ပင် မစစ်ဆေးပေ။ 4 ကျွန်ုပ်/သည် ကိုယ့်/လိပ်ပြာ/ကိုယ် လုံ၏။ ထိုသို့ ဆို/သော် ကျွန်ုပ်/၌ အပြစ်/မရှိ/ဟု မဆိုလို။ ကျွန်ုပ်/ကို စစ်ဆေး/စီရင်တော်မူသော/အရှင်/မှာ သခင်ဘုရား/ပင် ဖြစ်တော်မူ၏။
5 ထို့ကြောင့် သခင်ဘုရား ပြန်လည်/ကြွလာတော်မမူ/မီ မည်သူ့/ကိုမျှ ကြိုတင်/၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်/၌ ဝှက်ထားသော/အရာများ/ကို ကိုယ်တော်/သည် အလင်း/သို့ ယူလာ/၍ ကျွန်ုပ်တို့/၏ အတွင်း/စိတ် အကြံအစည်များ/ကို ဖော်ထုတ်မည်/ဖြစ်/သောကြောင့်/ဖြစ်၏။ ထို့နောက်/တွင်မူ ဘုရားသခင်/သည် လူ/အသီးသီးတို့/ကို ချီးမွမ်းတော်မူ/လိမ့်မည်။
6 ချစ်သော ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်/သည် အာပေါလု/နှင့် ကျွန်ုပ်/ကိုယ်တိုင်/ကို သာဓက/အဖြစ် ဤ/အရာများ/ကို သင်တို့/အကျိုး/အတွက် ပုံဖော်ပြရခြင်း/ဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်း/မှာ “ကျမ်းစာ/၌ ရေးသားထားသော အရာ/ကို ကျော်လွန်/၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကား/ကို ကျွန်ုပ်တို့/၏/သာဓက/မှ သင်တို့/နားလည်/နိုင်ရန်/ဖြစ်၏။ ထို့ပြင် သင်တို့/သည် မာနထောင်လွှား/လျက် တစ်ယောက်/ကို မျက်နှာသာပေး/၍ ကျန်/တစ်ယောက်/ကို ဆန့်ကျင်ခြင်း/မရှိ/စေရန်/ဖြစ်၏။ 7 မည်သူ/သည် သင့်/ကို အခြားသူ/ထက် ထူးခြား/စေသနည်း။ ဘုရားသခင် ပေးတော်မမူ/လျှင် သင်/၌ မည်သည့်/အရာ/ရှိမည်နည်း။ သင်/၌ ရှိသော/အရာ/မှန်သမျှ/သည် ဘုရားသခင်/ထံတော်/မှ ဖြစ်/ပါလျက်နှင့် ဘုရားသခင်/ထံတော်/မှ ရရှိသည့်/အရာ/မဟုတ်/သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
8 သင်တို့/သည် အစစအရာရာ/ပြည့်စုံကြပြီလော။ သင်တို့/သည် ချမ်းသာပြီလော။ ဘုရားသခင်/၏ နိုင်ငံတော်/တွင် ကျွန်ုပ်တို့/မပါဘဲ သင်တို့/အုပ်ချုပ်/နေကြပြီလော။ ကျွန်ုပ်တို့/သည်လည်း သင်တို့/နှင့်အတူ အုပ်ချုပ်ခွင့်/ရ/ရန်အတွက် သင်တို့ အမှန်တကယ်/ပင် အုပ်ချုပ်/နေပြီ/ဖြစ်လျှင် ကောင်းပေမည်။ 9 ဘုရားသခင်/သည် တမန်တော်/ဖြစ်သော ကျွန်ုပ်တို့/အား လူသတ်ကွင်း/၌ အသေခံ/ရန်အတွက် ပြစ်ဒဏ်/ချခံရထားသော/သူတို့/ကဲ့သို့ နောက်ဆုံး/တွင် ထား/၍ ထုတ်ပြတော်မူပြီ/ဟု ကျွန်ုပ်/ထင်မြင်မိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့/သည် ကောင်းကင်တမန်တို့/ရှေ့/၌/ဖြစ်စေ၊ လူတို့/ရှေ့/၌ ဖြစ်စေ တစ်လောကလုံး/အတွက် ရှုစားစရာ/မြင်ကွင်း ဖြစ်လာ/သောကြောင့်/ဖြစ်၏။
10 ကျွန်ုပ်တို့/သည် ခရစ်တော်/အတွက်ကြောင့် မိုက်မဲသောသူများ/ဖြစ်ကြ၏။ သင်တို့/မှာမူ ခရစ်တော်/အတွက်ကြောင့် အလွန်/ပညာရှိကြ၏။ ကျွန်ုပ်တို့/သည် အားနည်း/၍ သင်တို့/မှာမူ အလွန်/ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့/သည် ဂုဏ်သရေ/မဲ့ကြ/၍ သင်တို့/မှာမူ အလွန်/ဂုဏ်သရေ/ရှိကြ၏။ 11 ယခု/အချိန်/တိုင်အောင် ကျွန်ုပ်တို့/သည် အစာရေစာ/ငတ်ပြတ်/လျက်/ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်/ထိုးနှက်ခြင်း/ကို ခံရကြ၏။ အိမ်ခြေရာခြေ/မဲ့ လှည့်လည်/သွားလာကြရ၏။ 12 မိမိတို့/စားဝတ်နေရေး/အတွက် မိမိတို့/လက်/ဖြင့် ပင်ပန်း/စွာ လုပ်ကိုင်ကြ၏။ မိမိတို့/ကို ကျိန်ဆဲသော/သူတို့/အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်း/ကို ခံရ/သောအခါ သည်းခံကြ၏။ 13 ပုတ်ခတ်/ပြောဆိုခံရ/သောအခါ ပြေလည်/စွာ တုံ့ပြန်ကြ၏။ လက်ရှိ/အချိန်/တိုင်အောင် ကျွန်ုပ်တို့/သည် ဤ/လောက/၏/အမှိုက်သရိုက်၊ လူတကာ/၏/အပစ်ပယ်ခံများ/ကဲ့သို့ ဖြစ်ကြ၏။
14 ဤ/အကြောင်းအရာများ/ကို ရေးသားရသည်/မှာ သင်တို့/ကို အရှက်ရ/စေရန်/မဟုတ်ပါ။ ကျွန်ုပ်/ချစ်ခင်ရသော သားသမီးများ/ကဲ့သို့ သဘောထား/၍ သင်တို့/ကို သတိပေး/ဆုံးမ/ရန်သာ/ဖြစ်၏။ 15 သင်တို့/အား ခရစ်တော်/အကြောင်း/ကို သင်ပေးမည့်/ဆရာပေါင်း တစ်သောင်း ရှိ/လျှင်/ပင် ဝိညာဉ်ရေးရာ/ဖခင်/မှာ တစ်ဦးတည်း/ရှိ၏။ ကျွန်ုပ်/သည် သတင်းကောင်း/ကို ဟောပြောခြင်း/အားဖြင့် ယေရှု/ခရစ်တော်/၌ သင်တို့/၏/ဖခင်/ဖြစ်လာ၏။ 16 ထို့ကြောင့် ကျွန်ုပ်/ကို အတု/ယူကြ/ရန် တိုက်တွန်း/နှိုးဆော်၏။
17 ထို/အကြောင်း/ကြောင့် သခင်ဘုရား/အပေါ် သစ္စာရှိသော ကျွန်ုပ်/၏/ချစ်သား တိမောသေ/ကို သင်တို့/ထံ စေလွှတ်ရခြင်း/ဖြစ်၏။ သူ/သည် ကျွန်ုပ် ရောက်ခဲ့သော/အသင်းတော်/တိုင်း/တွင် သွန်သင်ခဲ့သည့်/အတိုင်း ကျွန်ုပ်/မည်သို့ ယေရှု/ခရစ်တော်/နောက် လိုက်နေကြောင်း/ကို သင်တို့/အား သတိရစေ/လိမ့်မည်။
18 သင်တို့/ထဲတွင် တချို့/က သင်တို့/ထံ ကျွန်ုပ်/ရောက်လာမည်/မဟုတ်/ဟု ထင်မှတ်/၍ မာနထောင်လွှား/လျက်/ရှိကြ၏။ 19 သို့သော် သခင်ဘုရား အလိုတော်/ရှိ/လျှင် မကြာမီ ကျွန်ုပ်/လာခဲ့ပါမည်။ ထိုအခါ ထို/မာနထောင်လွှားသော/သူတို့/၏/စကား/ထက် သူတို့/၌ ဘုရားသခင်/၏ တန်ခိုးတော်/ရှိမရှိ/ကိုသာ ကျွန်ုပ်/သိမှတ်မည်။ 20 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/၏ နိုင်ငံတော်/သည် စကား/၌ မတည်ဘဲ တန်ခိုး/၌ တည်/သောကြောင့်/ဖြစ်၏။ 21 ကျွန်ုပ်/သည် သင်တို့/ထံ တုတ်/နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာ/နှင့် နူးညံ့သော/စိတ်/ဖြင့် လာရမည်လော။ မည်သည့်/အရာ/ကို သင်တို့ ရွေးချယ်/လို/သနည်း။